All Memories Gone...

All Memories Gone...

အချိန်နဲ့အမျှ နှလုံးသားတွေ နာကျင်နေရတာ ဘာကောင်းသေးလို့လဲ ဒီအချစ်က...




widgeo.net

Saturday, July 24, 2010

ကြယ် (သို့) တိမ်

ငါက အရင်ကတော့ ကြယ်ပါပဲ......ကြယ်မှ မာနတွေ ခေါင်ခိုက်ပြီး မာန်အပြည့်ရှိတဲ့ကြယ်...လွမ်းရင်လဲ တည်တည်ငြိမ်ငြိမ်လေးပဲ လွမ်းတယ် ချစ်ရင်လဲ တည်တည်ငြိမ်ငြိမ်လေးနဲ့ နက်နက်နဲနဲချစ်တယ် ခံစားရင်လဲ တည်ငြိမ် လေးနက်စွာပဲခံစားတယ် ဒါပေမယ့် အဲဒီ တည်ငြိမ်လေးနက် နက်နဲမှုတွေက အချိန်ကြာလာတာနဲ့အမျှ အရောင်တွေပြောင်းလာခဲ့တယ် တည်ငြိမ်ခြင်းတွေ ပြန်မရတဲ့အခါ....နက်နဲတဲ့အချစ်တွေ အချစ်စစ်တွေ ပြန်မရတဲ့အခါ ပေါ့လျော့တဲ့ ပေါ့ပါးတဲ့ခံစားမှုတွေချည်း ပြန်ရတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ကြယ်ကနေ တိမ်လို ခံစားမှုတွေ မွေးမြူတတ်လာတယ် အသွင်ပြောင်းလာတယ် တိမ်ဆိုတာ နာမည်နဲ့လိုက်အောင် ပေါ့ပါးလွန်းတယ် ရွှေ့လျားလွယ်တယ် အစိုင်အခဲတွေအနေနဲ့မနေဘူး ကြယ်များ ဘယ်လောက်ပင်ပန်းလိုက်လဲ တနေရာထဲမှာ တခုခုကို တောင့်တ မျှော်လင့်နေသလိုမျိုး ပေပြီး ရပ်တည်နေရတာ သူ့ခမျာ အချိန်တန်လို့ရှိရင် ကြွေဖို့ကို စောင့်နေရှာရတာ.... အဲဒီတော့ တိမ်လို အဖြစ်မျိုးကို ပိုပြီး မက်တွယ်ချင်လာတယ် လိုက်တုချင်လာတယ်..... နာမည်ကတော့ ကြယ်တိမ်ပေါ့....အမြင်ရုပ်ဝတ္တုအနေနဲ့ကတော့ *ကြယ်* ပါပဲ ဒါပေမယ့် အတွင်းပိုင်းလှုပ်ရှားမှုတွေတိုင်းကတော့ တိမ်လေ... အခုတော့ လွတ်မြောက်ခွင့်ရသွားတဲ့ သတ္တ၀ါတကောင်လိုပဲ လှုပ်ရှားမှုတိုင်း ခံစားမှုတိုင်း ကြည်နူးမှုတိုင်းက ပေါ့ပေါ့ပါးပါးပဲ အရင်လို လေးနက်မှုတွေ မရှိတော့ဘူးလေ..... ကောင်းလိုက်တာ ဒီလိုခံစားမှုမျိုးကို အရင်ထဲက ဘာလို့ မခံစားချင်ခဲ့မိပါလိမ့်? .... တွေးရင်း....တွေးရင်း......လိုက်လုပ်ရင်းနဲ့.....တိမ်ရဲ့အနှစ်သာရကို အခုမှ ပိုပြီး ပိုပြီး သိမြင်ခွင့်ရလာတယ်လေ......

Monday, July 19, 2010

ရင်တွေနာနေတယ်

ငါ့ကို လိမ်လိုက်စမ်းပါ နင်လိမ်လိုက်ပါ... ငါ အဲဒီလိုအကြောင်းအရာတွေ အတွက် မခံစားဘူးလို့ ကိုယ်ပိုင်မဟုတ်တဲ့ ငါ့အာရုံတွေက တင်းခံနေတတ်ပေမယ့် တကယ်တမ်း ငါ့မှာ ခံနိုင်ရည်မရှိခဲ့ပါဘူး... ငါ့ရင်တွေ ကွဲတော့မယ်ထင်တယ်...ရင်တွေနာလိုက်တာ ငါ ငါ့နှလုံးသားအသစ်နဲ့ နင့်ကို အရမ်းချစ်ခဲ့တာပါ နင်လဲခံစားနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် ငါကလေ ငါနက်ရှိုင်းစွာချစ်သလို နင့်ဆီက အချစ်ကိုလဲ နက်ရှိုင်းစွာပဲ မျှော်လင့်တတ်ခဲ့တာပါ အတ္တကြီးတယ်ပဲပြောပြော ငါ လိုချင်ခဲ့မိတယ်... ဒါပေမယ့်ဟာ ညှိလို့ မရနိုင်တဲ့ မညီမျှခြင်းတွေနဲ့ ငါတို့ရဲ့ သံယောဇဉ်တွေ အဆုံးသတ်ပစ်ရတော့မယ်ထင်ပါရဲ့ ငါ့ရဲ့ ဟန်ဆောင်မာနတွေနဲ့ ငါ ဟန်ဆောင် အမုန်းတွေ နင့်အပေါ် ထားကြည့်ပါတယ် ဟန်ဆောင်ဥပေက္ခာတွေ တသီတတန်းကြီးနဲ့ပေါ့ ဒါပေမယ့် ကြာကြာ မရပ်တည်နိုင်ခဲ့ပါဘူး အဲဒီဟန်ဆောင် မာနတွေက င့ါကို အနိုင်ယူသွားခဲ့တယ်... ငါလိုချင်တဲ့ အရင်လို အိပ်မက်လေး ပြန်ရလိမ့်မယ်ထင်ခဲ့တာ အချိန်တွေပဲကြာလာတယ် ငါလိုချင်တာတွေနဲ့ ငါအဝေးဆုံးကို ရောက်မှန်းမသိရောက်နှင့်နေပြီ ချစ်သူ ငါဘယ်လိုမှ ဆက်ပြီး ရုန်းကန်လို့ မရနိုင်တော့ဘူးထင်တယ်...ငါလက်လျှော့လိုက်ရတော့မှာလား? ငါ့ဝမ်းနည်းစရာတွေကြုံတိုင်း ငါ့ဘက်မှာ နင်ရှိမနေခဲ့ဘူး ငါမျှော်လင့်နေချိန်တိုင်း နင်ရောက်မလာတတ်ခဲ့ဘူး ငါ တောင့်တနေတဲ့အချိန်တိုင်း နင်က ငါရဲ့ အဝေးဆုံးမှာလေ.... ငါတော့သွားပြီ....ရင်ဘတ်တွေ တအားနာတာပဲ... တနင့်တပိုး နှလုံးသားက ခံစားရပြီဆိုရင် ခံစားသထက် ခံစားရအောင် အသည်းကွဲသီချင်းတွေကလဲ ငါ့ကို တွန်းပို့ရှာပါရဲ့.... ကြည်နူးနေချိန်တွေမှာ အဲဒီ ကြေကွဲတဲ့ ခံစားတဲ့သီချင်းတွေကို ငါမေ့ထားတယ် တွေ့ရင်တောင် ရှောင်သွားတတ်တဲ့ငါက ကြေကွဲနေချိန်ရောက်တော့ သူတို့ကို တကူးတက ရှာပီး အဖော်လုပ်ပြီး င့ါရဲ့ ခံစားမှု ရေချိန်ကို မြင့်သထက်မြင့်အောင် ကြိုးစားနေမိတယ် မျက်ရည်တွေကလဲ တသွင်သွင်ပေါ့.....

Thursday, April 22, 2010

အထင်ကြီးမှုနဲ့ သံယောဇဉ်

အချစ်ဆိုတာ ဘယ်ကစတာလဲ?
ကျွန်တော်စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်
ပိုပြီး တိတိကျကျပြောရရင် မောင်လှမျိုး(ချင်းချောင်းခြံ)ရေးတဲ့စာအုပ်ထဲမှာ
အချစ်ဆိုတာ လူတယောက်နဲ့တယောက် အထင်ကြီးမှုကစတာပဲတဲ့
ပထမအဆင့်အနေနဲ့ အထင်ကြီးမယ် ဒုတိယအနေနဲ့ အချစ်ဆိုတဲ့ ခက်ဆစ်ကို ဖြေကြတယ်လို့ပေါ့
အမှန်တော့ ဟုတ်လောက်တယ် ယောက်ျားနဲ့ မိန်းမတွေ့ကြရင် တယောက်နဲ့တယောက်
အရင်ဆုံး အထင်ကြီးမှုရှိလာမှ နောက်ဆက်တွဲ သံယောဇဉ်တို့ အချစ်တို့ ဖြစ်လာနိုင်စရာရှိတယ် ထင်တာပဲတကယ်လို့များ အထင်ကြီးတဲ့လူတစ်ယောက်နဲ့ သံယောဇဉ်ရှိတဲ့ လူတစ်ယောက်တွေ့ကြတဲ့အခါ ဘယ်လို ရွေးချယ်သင့်တယ်လို့ ထင်လဲ?

Wednesday, April 7, 2010

ယောက်ျားနဲ့ မိန်းမရဲ့ ရင်တွင်းခံစားချက်

အသည်းကွဲဖူးတဲ့ ယောက်ျားနဲ့ အသည်းကွဲဖူးတဲ့ မိန်းမတို့တွေ့ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ အချစ်=?
အသည်းမကွဲဖူးတဲ့ ယောက်ျားနဲ့ အသည်းကွဲဖူးတဲ့ မိန်းမတို့တွေ့ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ အချစ်=?
အသည်းခွဲခဲ့ဘူးတဲ့ ယောက်ျားနဲ့ အသည်းမကွဲဖူးတဲ့ မိန်းမတို့ တွေ့ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ အချစ်=?
အသည်းကွဲခဲ့ဖူးတဲ့ ယောက်ျားနဲ့ အသည်းမကွဲဖူးတဲ့ မိန်းမတို့ တွေ့ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့အချစ်=?
အသည်းမကွဲဖူးတဲ့ ယောက်ျားနဲ့ အသည်းခွဲဖူးတဲ့ မိန်းမတို့ တွေ့ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့အချစ်=?

စိတ်ဝင်စားမယ်ဆိုရင် ဒီမေးခွန်းလေးတွေ ဖြေပေးနိုင်ပါတယ် စိတ်ထဲရှိတဲ့ (သို့) ကိုယ်တွေ့ရှိရင်လဲ ကိုယ်တွေ့အတိုင်းပေါ့.....

Tuesday, March 23, 2010

ကြိုးမဲ့နေချင်ပြီ....


နင်ဟာလေ ငါ့ကို စွန်ကြိုးတစ်စလိုပဲ တင်းလိုက်လျော့လိုက်နဲ့ ကစားနေတယ် ပြတ်တော့မယ်လို့ ငါတွေးလိုက်တိုင်း နောက်တနေ့ ပြန်ပီး ကောင်းကင်ပေါ်မှာ အပူအပင်ကင်းကင်းနဲ့ ၀ဲနေပြန်ရော....နားလည်ရခက်လိုက်တဲ့ ရစ်ဘီးပိုင်ရှင်ရယ်... တခါတလေ ငါလေ ကြိုးမဲ့နေတဲ့ လေတံခွန်တခုလိုပဲဖြစ်ချင်တော့တယ်....

တခုသောနှလုံးသားသို့....



တန်ဖိုးရှိတဲ့အရာဆိုတာ အဲဒီပစ္စည်းကျပျောက်သွားတဲ့ အချိန်မှ သိပြီး တန်ဖိုးထားရကောင်းမှန်းသိလာတတ်တယ် ရှိနေတဲ့အချိန်မှာတော့
ခပ်လွယ်လွယ် ခပ်ပေါပေါရတတ်တဲ့ အရာတခုလို သဘောထားမိနေမှာအမှန်ပဲ
အဲဒီအချိန်မှာတော့ သတိမထား အလေးမမူတတ်ဘူးလေ
ဒါပေမယ့် ကျပျောက်ပြီဆိုတဲ့အချိန်မှ ဒီပစ္စည်းလေးဟာ ငါ့အတွက် ဘယ်လောက်အသုံးဝင်ပါလားလို့ ခံစားမိတာ ဓမ္မတာပါပဲ ရှိနေတဲ့အချိန်မှာ တန်ဖိုးထားပြီး လေးနက်နိုင်ပါစေလို့......

Saturday, March 6, 2010

၁၀ စက္ကန့်မဟုတ်ဘူး အချိန်အကန့်အသတ်မရှိ အရူးထခြင်း...

တခါတော့လည်း လောကကြီးကို ကျောခိုင်းထားချင်ပါရဲ့
ခံစားချက် သေသွားတဲ့လူတယောက်လိုပဲ နေလိုက်ချင်ရဲ့
အမှန်လို့ ထင်ထားတာတွေက တချိန်မှာတော့ မှားသွားတတ်လေရဲ့
စိတ်တော့နာတယ် ဘယ်သူ့ကိုနာမှန်း ဘာအတွက်နာမှန်း မသိဘူး
မဝေခွဲတတ်တော့လောက်အောင်ပဲ အေးပေါ့ ကိုယ့်ကိုယ်ကိုတောင်
မဝေဖန် မဝေခွဲတတ်တော့တာ ဘယ်သူ့ကိုများ အငမ်းမရ အပြစ်ရှာချင်သေးမှာလဲ
တခါတလေ ကိုယ်တယောက်တည်းမှားပြီး အားလုံးမှန်နေတယ် အဲဒီအခါမျိးကျရင်
အားလုံးကို ကျောပေးပြီး အဝေးဆုံးမှာ အော်ဟစ်ပစ်လိုက်ချင်မိတယ်
တခါတော့လည်း ကိုယ့်ဘ၀ သေးသေးလေးကို ကျေနပ်ချင်သလိုလိုပဲ
ဘာမှမရှိတာလေးကိုပဲ ကျေနပ်နေတာ တနည်းနည်းတော့ ကြယ်ကလေး ရူးသွပ်နေတယ်
အချိန်အကန့်အသတ်မရှိ ရူးသွပ်နေတယ် အတိုင်းအတာပမာဏမရှိပဲ ရူးသွပ်နေမယ်
ချစ်ခြင်းတွေမပါပဲ အဖြူရောင်တွေနဲ့ ရူးသွပ်နေမယ် မျှော်လင့်ခြင်းတွေမပါပဲ စိတ်လွတ်ကိုယ်လွတ် ရူးနေမယ် ကုန်ကုန်ပြောမယ် ကြယ်ကလေး အခုဒီ စာပိုဒ်လေးကိုလဲ ရူးသွပ်စွာပဲ ချရေးပစ်မိတာပဲ
ပြီးတော့လဲ ခံစားချက်တွေအားလုံး ဘယ်ချောင်ကပ်လို့ကပ်သွားမှန်းကိုမသိတော့ဘူး
အော် ရူးတာ ရူးတာ :(